Friday, December 7, 2018

စင်ကာပူတွင် မြန်မာအိမ်အကူ အမျိုးသမီးတစ်ဦး အထပ်မြင့်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

စင်ကာပူတွင် မြန်မာအိမ်အကူ အမျိုးသမီးတစ်ဦး အထပ်မြင့်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု၊ တရားစွဲအမှုဖွင့်မည့်သူ မရှိသဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းခံရသူ နှစ်ဦးနှင့် အထမမြောက်သော ရန်ကုန်လေဆိပ်အတွင်းမှ လူဖမ်းပွဲ
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
圖像裡可能有2 個人、大家站著和室內


ရန်ကုန်၊ ဒီဇင်ဘာ ၆
စင်ကာပူ နိုင်ငံတွင် မြန်မာအိမ်အကူအမျိုး သမီးလေးတစ်ဦး အထပ်မြင့်တိုက် ပေါ်မှပြုတ်ကျသေဆုံးမှုတစ်ခု ပြီး ခဲ့သည့် နိုဝင်ဘာ ၂၉ ရက်က ဖြစ် ပွားခဲ့သည်။ အသက် (၂ဝ) နှစ်ကျော်အရွယ် ယင်းအမျိုးသမီးလေးကို တရား မဝင် စေလွှတ်ပေးခဲ့သည်ဆိုသော စင်ကာပူမှပြန်လာမည့် လူတချို့ကို ဖမ်းဆီးနိုင်ရန် ရန်ကုန်လေဆိပ် တွင် တာဝန်ရှိသူတချို့ ဒီဇင်ဘာ ၅ ရက် ညနေ ၆ နာရီခန့်ကစောင့် ဆိုင်းနေကြသည်။ လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၊ အလုပ်သမားဝန်ကြီး ဌာနတာဝန်ရှိသူများ၊ မြန်မာပြည် ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ် ငန်းရှင်များအဖွဲ့ချုပ်(MOEAF)တာဝန်ရှိသူအချို့နှင့် သတင်းမီဒီ ယာတချို့က ကြိုတင်စောင့်ဆိုင်း နေခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံမှ လေယာဉ် အမှတ် (၃၅၈၃) ဖြင့်လိုက်ပါလာ မည့်သူများတွင် သေဆုံးသူ မစိုး စန္ဒာထွန်း၏မိခင်ဖြစ်သူ ဒေါ်ထွား တင်၊ သေဆုံးသူ၏ခဲအို ကိုညီညီ ထွန်း၊ ယင်းအမျိုးသမီးလေးကို တရားမဝင်စေလွှတ်ပေးခဲ့သည် ဆိုသော မလာလ်ဆွီးပါရ်နှင့် သူမ ၏ခင်ပွန်း ကိုသန်းထွဋ်အောင်တို့ ပါဝင်ကာ သေဆုံးသူအမျိုးသမီး လေး၏ အရိုးပြာအိုးကိုယူဆောင် လာမည်ဖြစ်ကြောင်း ကြိုတင်သ တင်းရရှိထားကြသည်။ ''ကျွန်မတို့ လဝကမှာ တား ထားနိုင်ဖို့ သွားပြောထားကြမယ်'' ဟု လူကုန်တားရဲတပ်ဖွဲ့မှ ဒုရဲမှူး ဒေါ်ဥမ္မာက တာဝန်ရှိသူအသီး သီးကိုပြောဆိုလိုက်သည်။
ဒုရဲမှူးနှင့်အတူ ရဲအရာရှိ တစ်ဦး၊ အလုပ်သမားဝန်ကြီးဌာန မှ တာဝန်ရှိသူနှစ်ဦးနှင့် တရားဝင် အေဂျင်စီဟုတ်၊ မဟုတ် အတည်ပြု ပေးနိုင်ရန် MOEAF မှ တာဝန်ရှိ သူတစ်ဦးတို့ လေဆိပ်အတွင်းပိုင်း သို့ လိုက်ပါသွားလေသည်။ မူလကလေ ဆိပ်အထွက်တွင် ဖမ်းဆီးရန်စီစဉ်ကြည့်သော်လည်း အဆိုပါလူများကို မြင်ဖူးသူတစ်ဦး မှမရှိခြင်းနှင့် ဓာတ်ပုံမှတ်တမ်းများ မှာလည်း လူပုဂ္ဂိုလ်သေချာမဖော် ပြနိုင်ခြင်းကြောင့် ယခုကဲ့သို့စီစဉ် ရခြင်းဖြစ်ကြောင်း သိရသည်။ သတင်းမီဒီယာ အချို့ကလည်း လေဆိပ်အထွက်တွင် စောင့်ဆိုင်း နေလိုက်ကြသည်။ လေယာဉ်ဖြင့် လိုက်ပါလာသူများ အသီးသီးထွက်လာသော် လည်း အချိန်အတော်ကြာသည်အ ထိအဆိုပါလူများ ပေါ်မလာပေ။ သတင်းထောက်တစ်ဦးက ဖုန်း ဖြင့်တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်ပြီးမေးမြန်းရာ ''အထဲမှာ လူခွဲစစ်နေတယ်ပြောတယ်'' ဟု ပြောပြလေသည်။
ည ၉ နာရီခန့် အချိန်တွင် တာဝန်ရှိသူများ အသီးသီးထွက် လာကြပြီးအဆိုပါလူလေးဦးကို လေဆိပ်အပေါ်ထပ်ရှိ လူကုန်ကူး မှုတားဆီးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ ရုံးခန်းသို့ ခေါ်ဆောင်သွားလေသည်။ ပြုတ်ကျသေဆုံးခဲ့သူမှာ (၂၄) နှစ်ခန့်အရွယ် အမျိုးသမီးငယ် ဖြစ်ကြောင်း သူမ၏မှတ်ပုံတင် အရသိရှိရပြီး ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စိုင်ပစ်အင်း ရွာတွင်နေထိုင်သူဖြစ်ကာ စင်ကာ ပူမသွားမီက ရန်ကုန်မြို့ လှိုင်သာ ယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ တစ်ခုတွင်လုပ်ကိုင်ခဲ့ကြောင်း၊ မောင် နှမ ငါးဦးအနက် အထွေးဆုံးသမီး ဖြစ်ကာ စင်ကာပူသို့ရောက်ရှိပြီး ဖုန်းဆက်ပြောမှသိရှိရကာ စင် ကာပူသို့ သွားရောက်ခဲ့သည်မှာ သုံးပတ်ခန့်သာရှိသေးကြောင်း၊ နိုဝင်ဘာ ၂၉ ရက်တွင်သူမအလုပ် လုပ်ကိုင်ရာအထပ်မြင့် အဆောက် အအုံပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည် ဟု မလာလ်ဆွီးပါရ်နှင့် သူမ၏ခင်ပွန်းကိုသန်းထွဋ်အောင် တို့ ဆက်သွယ်အကြောင်းကြားမှ သိရှိ ပြီးစင်ကာပူသို့ လိုက်ပါသွားခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏မိခင် ဒေါ်ထွားတင်ကဒီမိုကရေစီ တူဒေး သို့ပြောသည်။
''သမီးကသူ့သူငယ်ချင်း အ ဖော်တွေနဲ့ လိုက်သွားတာ။ သူက ဖုန်းလှမ်းဆက်မှ ရောက်သွားမှန်း သိတာ။ ပိုက်ဆံလည်း ဘာမှမရ သေးဘူး၊ရောက်ခါစရှိသေးတယ်။ သုံးပတ်လောက်ပဲရှိသေးတယ်။ဘယ်ကပိုက်ဆံရဦးမှာလဲ။ အလုပ် လည်းမဖြစ်ဘူး၊ စားဝတ်နေရေး လည်းဒုက္ခတွေရောက်တယ်'' ဟု ¤င်းကပြောပြသည်။ ဖုန်းဖြင့်သမီးဖြစ်သူမဆုံးမီ က ဆက်သွယ်ပြောဆိုရာတွင် အိမ်ရှင်က ကောင်းကြောင်းပြောဆို ခဲ့ပြီးမိမိကလည်း ကောင်းကောင်း မွန်မွန်နေထိုင်ရန် ပြန်လည်ပြော ဆိုခဲ့ကြောင်း၊ သွားရောက်စဉ်က သိရှိခြင်းမရှိ၍ လိုက်ပါပို့ဆောင်နိုင် ခဲ့ခြင်းမရှိကြောင်း ¤င်းကဆိုသည်။ ဒေါ်ထွားတင်ကရဲတပ်ဖွဲ့သို့ ထွက်ဆိုရာတွင် မလာလ်ဆွီးပါရ် နှင့်သူမ၏ ခင်ပွန်းကိုသန်းထွဋ် အောင်တို့နှစ်ဦးကို ဆွေမျိုးမတော် စပ်ကြောင်း ထွက်ဆိုခဲ့သော်လည်း ဒီမိုကရေစီတူဒေးက မေးမြန်းရာ တွင်ခင်ပွန်းဘက်မှ ဆွေမျိုးတော် စပ်ကြောင်းပြောသည်။ ''သူ့(သေဆုံးသူ အမျိုးသမီး) အဖေဘက်က တစ်ဝမ်းကွဲ'' ဟု ဒေါ်ထွားတင်က ဆိုသည်။
စင်ကာပူသို့ သမီးဖြစ်သူ၏ နာရေးအခမ်းအနားသို့ သွားရောက် နိုင်ရန် မလာလ်ဆွီးပါရ်နှင့် သူမ ၏ခင်ပွန်းကိုသန်းထွဋ်အောင် တို့ က နိုင်ငံကူးလက်မှတ်မှတ်မှအစ နေထိုင်စားသောက်ရေး အကုန် လုံးကို ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း ဒေါ်ထွားတင်နှင့်သေဆုံး သူ၏ ခဲအိုဖြစ်သူကိုညီညီထွန်းထံ မှ သိရသည်။ မလာလ်ဆွီးပါရ်၏ခင်ပွန်း ကိုသန်းထွဋ်အောင်က ''ကျွန်တော့် မိန်းမရဲ့ ညီမဝမ်းကွဲဆုံးတယ်ဆိုပြီး ဟိုကလှမ်းဆက်လို့သိရတာ။ အခု နာရေးကိစ္စပြီးလို့ ပြန်လာတာ။ဆုံးတဲ့ကိစ္စကတော့ ကျွန်တော်တို့ အတိအကျမသိဘူးဗျ။ သူတို့ ပြော ပုံအရမတော်တဆ ဖြစ်တယ်လို့ ပြောတယ်ကျွန်တော်တို့က ဟိုကို သွားတယ်။ စင်ကာပူကအေးဂျင့်က အကုန်လုံးလိုက်လုပ်ပေးတာ။ဟိုဘက်နိုင်ငံသားပဲ။ သူကလိုက် ကူညီပေးတာ''ဟု ဒီမိုကရေစီတူဒေး သို့ပြောသည်။
မလာလ်ဆွီးပါရ်ကလည်း မိမိ မှာ အေးဂျင့်မဟုတ်ကြောင်း။ ဆွေ မျိုးများဖြစ်သဖြင့် သေဆုံးသူမှာ ¤င်း၏အိမ်သို့လာရောက် လည်ပတ် လေ့ရှိပြီး သူမ၏နာရေးကိစ္စတွင် လိုက်ပါ ကူညီဆောင်ရွက်ပေးသ ဖြင့်အများကအေးဂျင့်ဟု ထင်မြင် ခြင်းသာဖြစ်ကြောင်း ဒီမိုကရေစီ တူဒေးသို့ပြောသည်။ ''အဲလိုအမေးခံရတယ်။ လူတိုင်း ကမေးပါတယ်။ သူ့အဖေနဲ့အမ အမေက၊မောင်နှစ်မနှစ်ဝမ်းကွဲ''ဟု ၎င်းကပြောသည်။ သေဆုံးသူ၏ခဲအို ကိုညီညီ ထွန်းကမှု¤င်းအနေဖြင့် သားမက် သာဖြစ်သဖြင့် ဆွေမျိုးတော်စပ်မှု ကိစ္စကိုမှု တိကျစွာမသိရှိကြောင်း၊ ၎င်းအနေဖြင့် ယောက်က္ခမဖြစ်သူ ဒေါ်ထွားတင် အဆင်ပြေလိုသည် ကို မြင်တွေ့လိုကြောင်းပြောကြား ခဲ့သည်။ ''သူတို့(မလာလ်ဆွီးပါရ် နှင့် သူမ၏ခင်ပွန်းကိုသန်းထွဋ်အောင်)က လယ်နှစ်ဧက ဝယ်ပေးမယ်လို့ ပြောထားပါတယ်''ဟု ၎င်းကပြော သည်။
စင်ကာပူနိုင်ငံတွင် အထပ် မြင့်အဆောက်အအုံပေါ်မှ ပြုတ်ကျ သေဆုံးခဲ့သည့် မိန်းကလေး၏ အမှုကို စင်ကာပူနိုင်ငံရဲတပ်ဖွဲ့က မတော်တဆမှု သို့မဟုတ် သေ ကြောင်းကြံစည်မှု ဟုတ်မဟုတ်စုံ စမ်းလျက်ရှိပြီး မတော်တဆမှုဆိုပါက အသက်အာမခံကြေးရရှိမည် ဖြစ်ကာ သေကြောင်းကြံစည်မှုဆို ပါက အသက်အာမခံရရှိမည် မဟုတ်ကြောင်း သိရသည်။ လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ယခုကဲ့သို့ကိစ္စမျိုးသည် ပြည်ပ အလုပ်အကိုင် ဥပဒေပုဒ်မ (၂၆)ဖြင့် အမှုဖွင့်အရေးယူရသော ကိစ္စဖြစ် ပြီးနစ်နာသူကာယကံရှင် သို့မ ဟုတ် အလုပ်သမားသမားဝန်ကြီး ဌာနက တရားစွဲဆိုအမှုဖွင့်ရသော ကိစ္စဖြစ်ကြောင်း၊ မိမိတို့လူကုန် ကူးမှု တာဆီးနှိမ်နှင်းရေးရဲတပ် ဖွဲ့က အမှုမဖွင့်နိုင်ကြောင်းရှင်း ပြသည်။
သေဆုံးသူအမျိုးသမီးငယ် ကို စင်ကာပူနိုင်ငံသို့ တရားမဝင် စေလွှတ်ခဲ့သည်ဟုဆိုသော မလာလ် ဆွီးပါရ်နှင့် သူမ၏ခင်ပွန်းကိုသန်း ထွဋ်အောင်တို့ကို တရားစွဲအမှုဖွင့် မည့်သူမရှိသဖြင့်ည ၁ဝ နာရီခွဲ ခန့်တွင် ပြန်လည်လွှတ်ပေးခဲ့ကာ၊ သေဆုံးသူ၏ အရိုးပြာအိုးလည်း သူ၏မိခင်ကို ထုတ်ပေးခဲ့သည်။ ''ဒီနေ့မနက်ပဲ လယ်နှစ်ဧက တန်ဖိုး ကျပ်သိန်း ၄ဝ ကို မလာလ် ဆွီးပါရ်နှင့် သူမ၏ခင်ပွန်း ကိုသန်း ထွဋ်အောင်တို့ကပေးလို့ အမေက ယူပြီးပြန်သွားပါပြီ ''ဟု ဒေါ်ထွား တင်၏သမက်ဖြစ်သူ ကိုညီညီထွန်း က ဒီမိုကရေစီတူးဒေးသို့ ဒီဇင်ဘာ ၆ ရက်က ပြောသည်။ သေဆုံးခဲ့သူ မစိုးစန္ဒာထွန်း ကဲ့သို့ပင် နိုဝင်ဘာ ၃ဝ ရက်က လည်း ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှ စင်ကာပူ နိုင်ငံ သို့ အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်သူအသက် (၂ဝ)နှစ်ခန့်ရှိ သူ မဇင်မင်းပြုံးသည်လည်း တိုက် ပေါ်မှခုန်ချသတ်သေမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ယင်းကိစ္စတွင် သေဆုံးသူ မဇင်မင်းပြုံးမှာအခင်းဖြစ်ပွားရာ အလုပ်ရှင်များအိမ်တွင် လွန်ခဲ့ သည့် တစ်နှစ်ခွဲအချိန်ကတည်းက အိမ်အကူအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကာအလုပ်ရှင်နှင့် အခင်းဖြစ် ပွားရာ အနီးနေထိုင်သူများ၏အ ဆိုအရအဆိုပါ အိမ်အကူအမျိုး သမီးငယ်မှာ သူမအလုပ်လုပ်ကိုင် ရာကိုးလွှာရှိ တိုက်ခန်းပေါ်မှခုန်ချ သတ်သေခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ အဆိုပါ အမျိုးသမီးငယ်၏ နာရေးဖိတ်စာအရ အသက် (၂ဝ) နှစ်ခန့်သာဖြစ်သော်လည်း သူမ၏ နိုင်ငံကူးလက်မှတ်တွင် အသက် (၂၅) နှစ်ဟု ဖော်ပြထားသည်ကို တွေ့ရှိရသည်။သူမ၏ ရုပ်အလောင်းကို ဇာတိမြေတွင် သင်္ဂြိုဟ်မှုပြုလုပ်ရန် မိသားစုဝင်များက ဒီဇင်ဘာ ၄ ရက် တွင် မြန်မာနိုင်ငံသို့ ပြန်လည်သယ် ဆောင်ခဲ့ကာဒီဇင်ဘာ ၆ ရက်တွင် ရက်လည် ဝတ်ပြုပွဲပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။ စင်ကာပူနိုင်ငံတွင် မြန်မာ အိမ်အကူများ အထပ်မြင့်တိုက်ခန်း များမှပြုတ်ကျသေဆုံးမှုနှင့် ခုန် ချ သတ်သေမှုများ မကြာခဏဖြစ်ပွား နေပြီး ၂ဝ၁၇ ခုနှစ်နှောင်းပိုင်းနှင့် ၂ဝ၁၈ ခုနှစ် အစောပိုင်းလများ အတွင်း မြန်မာအိမ်အကူများ ခုန်ချသေဆုံးမှု သုံးခုထက်မနည်း ဖြစ်ပွားထားကြောင်းသိရသည်။
မြန်မာအစိုးရက စင်ကာပူ နိုင်ငံသို့ အိမ်အကူ ၁ဝဝ ကျော်ခန့် ကို အေဂျင်စီများမှတစ်ဆင့် တရား ဝင်စေလွှတ်ခဲ့ပြီး အိမ်အကူများ အကြား လူ့အခွင့်အရေးနှင့်အလုပ် သမား အခွင့်အရေးချိုးဖောက်မှု များရှိလာသည့်အတွက် အိမ်အ ကူလုပ်သားစေလွှတ်ခြင်းကို ၂ဝ၁၄ ခုနှစ်ကတည်းက ပြန်လည်ပိတ် သိမ်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အိမ်အကူအလုပ်သမား တရားမဝင်စေလွှတ်မှုများ နေ့စဉ်ရှိနေပြီး စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အကူပေါင်း ၅ဝဝဝဝ ကျော်ဝန်းကျင်အထိရောက်ရှိလုပ် ကိုင်နေကြကြောင်း စင်ကာပူ အ ခြေစိုက်အလုပ်သမားအရေး ကူညီ ဆောင်ရွက်နေသူများက ပြောသည်။ စင်ကာပူတွင် အလုပ်လုပ် ကိုင်သည့် အိမ်အကူများ၏ လစာ မှာ စင်ကာပူဒေါ်လာ ၄၆ဝ မှ ၅ဝဝ ကျပ် (မြန်မာကျပ်ငွေ ၄၅ဝဝဝဝ ခွဲဝန်းကျင်) ရရှိကြပြီး အလုပ်အကိုင်ရှာဖွေပို့ဆောင်ပေးသည့် အ ကျိုးဆောင်များကိုဝန်ဆောင်ခအ ဖြစ် ခုနစ်လမှ ရှစ်လစာအထိ ပေး သွင်းရလေ့ရှိကြောင်း သိရသည်။
စင်ကာပူ နိုင်ငံသို့တရား မဝင်ပို့ဆောင်မှုများကြောင့် အလုပ် သမားများ၏ အခွင့်အရေးဆုံးရှုံး နေရပြီးတရားဝင်စေလွှတ်ခွင့်ပြု ပါက အလုပ်သမားများအတွက် အပြည့်အဝတာဝန်ယူစေလွှတ် ပေးနိုင်မည်ဖြစ်သဖြင့် တာဝန်ရှိသူများထံ တရားဝင်စေလွှတ်ခွင့် ရရှိရေး တင်ပြတောင်းဆိုမှုများ လည်းရှိကြောင်း သိရသည်။ မြန်မာအစိုးရက ပြည်ပနိုင်ငံများသို့ မြန်မာအိမ်အကူအလုပ်သမားစေလွှတ်ခြင်းကို ပိတ်ပင် ထားသော်လည်း ထိုင်း၊ မလေးရှား နှင့်စင်ကာပူနိုင်ငံတို့တွင် မြန်မာ အိမ်အကူအများအပြား ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့်အပြင် အာရပ်စော်ဘွားများ နိုင်ငံတစ်ခု ဖြစ်သည့်အိုမန်နိုင်ငံအထိပင် မြန် မာအိမ်အကူများ ရောက်ရှိလျက်ရှိ ကြောင်းအလုပ်သမားအရေး ဆောင် ရွက်နေသူများကပြောသည်။
NT

No comments:

Post a Comment