ဘောလုံးပွဲအပြီး မြန်မာလုပ်သားတချို့ တိုက်ခိုက်ခံရ
25 November 2018 19:46
![]() |
| မြန်မာ-မလေးရှား ဘောလုံးပွဲအပြီး တိုက်ခိုက်ခံရတဲ့ မြန်မာအလုပ်သမား ၁ ဦးကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ် / ဓာတ်ပုံ - နှလုံးလှပရဟိတအဖွဲ့ |
မနေ့က ဘောလုံးပွဲအပြီး မြန်မာအလုပ်သမားတွေ ကားစောင့်နေချိန်မှာ အယောက် ၃၀ လောက်ပါတဲ့ လူအုပ်စုက ၀င်ရောက်တိုက်ခိုက်တာဖြစ်ကြောင်း၊ တိုက်ခိုက်ခံရတဲ့အထဲက ၃ ယောက်ကတော့ ခေါင်းနဲ့ ခြေထောက်တွေမှာ ဒဏ်ရာရရှိခဲ့ကြောင်း နှလုံးလှပရဟိတအဖွဲ့က ကိုသက် က ပြောပါတယ်။
အဲဒီအခြေအနေကို မလေးရှားရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပေမယ့်လည်း မြန်မာအလုပ်သမားတွေကို အလုပ်ပြန်ဖို့သာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဆူဇူကီးဖလားလုပွဲ မြန်မာနဲ့ မလေးရှား ဘောလုံးပြိုင်ပွဲမှာ မလေးရှားက အနိုင်ရရှိခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

No comments:
Post a Comment