Wednesday, November 28, 2018

တရုတ်ဓာတုစက်ရုံတွင်မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၂၂ဦးသေဆုံး




圖像裡可能有天空和戶外















တရုတ်နိုင်ငံ၊ ဟီဘေးပြည်နယ်၊ ကျန်းကျားကူမြို့က ဓာတုစက်ရုံအနီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ ၂၂ဦးရှိကာ ထိခိုက်ဒဏ်ရာရသူ ၂၂ဦးထက်မနည်းရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဆိုသည်။
Hebei Shenghua Chemical Co. အနီး မီးလောင်ပေါက်ကွဲမှုကြောင့် ရပ်နားထားသည့်ကုန်တင်ယာဉ်အစီးရေ ၅၀ခန့် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ နိုဝင်ဘာလ ၂၈ရက် နံနက်အစောပိုင်းပိုင်တွင်
ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မော်တော်ယာဉ်အများအပြားမီးလောင်နေခဲ့သည်ကို မီးသတ်ဝန်ထမ်းများက ငြှိမ်းသတ်ခဲ့ရပြီး ကယ်ဆယ်ရှာဖွေရေးလုပ်ဆောင်မှုများလည်း ပြုလုပ်နေခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများမှာလည်း ဆေးရုံတွင် ကုသမှုခံယူနေဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလတွင်လည်း အန်ဟွီပြည်နယ်တွင် အလားတူ မော်တော်ယာဉ်အစီးရေ ၃၀ခန့် မီးလောင်ခဲ့ရာ သေဆုံးသူ ၁၈ဦးရှိခဲ့သည်ဟုသိရသည်။
၂၀၁၅ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ထျန်ကျင်းမြို့ဓာတုစက်ရုံ၊ ကွန်တိန်နာယာဉ်စခန်းတွင် ပေါက်ကွဲလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းကြောင့်လည်း သေဆုံးသူ ၁၆၅ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။

圖像裡可能有一或多人、戶外和大自然

ကမ္ဘာ့အကြီးဆုံးဖြစ်လာမည့် စည်တော်ကြီးတွင် အသုံးပြုရန် သားရေရရှိပြီဟုဆို


       28 NOVEMBER 2018 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် လက်ပံကုန်းကျေးရွာ တွင် ကမ္ဘာ့အကြီးဆုံးဟု မှတ်တမ်းတင်နိုင် မည့် စည်တော်ကြီးကို ဆရာပွဲမြန်မာ့တူရိ ယာလုပ်ငန်းမှ ဦးကျော်ညွန့်က ထွင်းထု လျက်ရှိပြီး ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကာ စည်ကြီး၏မျက်နှာပြင်တွင်အသုံး ပြုရန် နွားသားရေကိုရရှိပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် သတင်းရရှိသည်။
]]မနက်ဖြန် စည်တော်ကြီးရဲ့ မျက် နှာပြင်တစ်ဖက်ကို သားရေစကျက်မယ်။ သားရေက စည်တော်ကြီးအတွက် လုံ လောက်သွားပါပြီ။ ၂၀၁၉ ပထမလအ တွင်းအပြီးလုပ်ဖို့ ခန့်မှန်းထားပါတယ်။ စည်မျက်နှာပြင်ကျက်ပြီးရင် ဆေးသုတ် ဖို့ပဲကျန်တော့ပါတယ်}}ဟု ဆရာပွဲမြန်မာ့ တူရိယာအမျိုးမျိုးရောင်းဝယ်ရေးမှ ဦး ကျော်ညွန့်က ပြည်မြန်မာသတင်းဂျာနယ် သို့ပြောသည်။
အဆိုပါစည်တော်ကြီးသည် အလျား ၁၀ ပေ ၈ လက်မ၊ ထိပ်ဝအကျယ် ၅ ပေ ၄ လက်မရှိပြီး ထိပ်နှစ်ဖက် (စည်မျက်နှာ) အဝကို နွားသားရေဖြင့်ကျပ်ပြီး ထိပ်ဝနှစ် ဖက်စလုံးကို ထိပ်ဝမှ သုံးပေစီအကွာထိ စည်မျက်နှာပြင်နဲ့ တစ်ဆက်တည်း သား ရေဖုံးအုပ်မည်ဖြစ်ကြောင်း၊ ထိပ်ဝနှစ်ဖက် သားရေဖုံးအုပ်ကာ အလယ်နေရာဖြစ် သော သစ်သားစည်နေရာတွင် မြတ်စွာ ဘုရား၏ ၁၀၈ ကွက် ဗုဒ္ဓခြေတော်စက် လက္ခဏာကို နတ်သားလေးပါးကပူဇော် နေသည့်ပုံထွင်းထုထားကြောင်း၊ သားရေ အခက်အခဲကြောင့် ခန့်မှန်းထားသည့်အ ချိန်မပြီးစီးဘဲ ကြန့်ကြာနေခြင်းဖြစ်ကြောင်း ယင်းကရှင်းပြသည်။
အဆိုပါစည်တော်ကြီးကို အင်းတော် မြို့ရှိသုသာန်ဟောင်းကိုဖျက်ကာ ကား ကြီးကွင်းပြုလုပ်ရန်ရှင်းလင်းရာမှ ခုတ် ထားသည့်ကုက္ကိုပင်အရင်းပိုင်းကိုတောင်း ယူပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် စည်တော်စတင်ပြုလုပ်ခဲ့ကာ ပြီးစီးပါက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ထံသို့ လှူဒါန်းသွားမည်ဟုသိရသည်။

Tuesday, November 27, 2018

ဘောလုံးပွဲအပြီး မြန်မာလုပ်သားတချို့ တိုက်ခိုက်ခံရ

ဘောလုံးပွဲအပြီး မြန်မာလုပ်သားတချို့ တိုက်ခိုက်ခံရ

25 November 2018 19:46



မြန်မာ-မလေးရှား ဘောလုံးပွဲအပြီး တိုက်ခိုက်ခံရတဲ့ မြန်မာအလုပ်သမား ၁ ဦးကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ် / ဓာတ်ပုံ - နှလုံးလှပရဟိတအဖွဲ့
မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ မြန်မာ-မလေးရှား ဘောလုံးပွဲအပြီးမှာ မြန်မာအလုပ်သမား ၂၅ ယောက်လောက် တိုက်ခိုက်ခံရပြီး ၃ ယောက် ဒဏ်ရာရရှိတယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ နှလုံးလှပရဟိတ လူငယ်အဖွဲ့ကနေ သိရပါတယ်။

မနေ့က ဘောလုံးပွဲအပြီး မြန်မာအလုပ်သမားတွေ ကားစောင့်နေချိန်မှာ အယောက် ၃၀ လောက်ပါတဲ့ လူအုပ်စုက ၀င်ရောက်တိုက်ခိုက်တာဖြစ်ကြောင်း၊ တိုက်ခိုက်ခံရတဲ့အထဲက ၃ ယောက်ကတော့ ခေါင်းနဲ့ ခြေထောက်တွေမှာ ဒဏ်ရာရရှိခဲ့ကြောင်း နှလုံးလှပရဟိတအဖွဲ့က ကိုသက် က ပြောပါတယ်။

အဲဒီအခြေအနေကို မလေးရှားရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပေမယ့်လည်း မြန်မာအလုပ်သမားတွေကို အလုပ်ပြန်ဖို့သာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဆူဇူကီးဖလားလုပွဲ မြန်မာနဲ့ မလေးရှား ဘောလုံးပြိုင်ပွဲမှာ မလေးရှားက အနိုင်ရရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

ရန်ကုန်- ဒလ မြစ်ကူးတံတားစီမံကိန်း ကန့်ကွက်မှုတွေနဲ့ ကြုံတွေ့နေရ

ရန်ကုန်- ဒလ မြစ်ကူးတံတားစီမံကိန်း ကန့်ကွက်မှုတွေနဲ့ ကြုံတွေ့နေရ

24 November 2018 22:08



ရန်ကုန်မြို့ လသာမြို့နယ် ဘုန်းကြီးလမ်းကနေ ဒလဘက်ခြမ်းကို ဆက်သွယ်မယ့် မြစ်ကူးတံတားစီမံကိန်းကို စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမြင့်နိုင်ရဲ့ Asia World ကုမ္ပဏီ၊ မြန်မာ့စက်မှု ဆိပ်ကမ်းနဲ့ ဆိပ်ကမ်းအာဏာပိုင် အဖွဲ့တွေက အကြိမ်ကြိမ် ကန့်ကွက်တာတွေကြောင့် ကြန့်ကြာနေတာဖြစ်ကြောင်း ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က ပြောပါတယ်။

ရန်ကုန် - ဒလ တံတားစီမံကိန်းနဲ့ အကောင်အထည်ဖော်မယ့် အစီအစဉ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒလမြို့နယ်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန် - ဒလ တံတားစီမံကိန်းကို ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းတည်ဆောက်မှာဖြစ်ပြီး မြန်မာ- ကိုရီးယား နှစ်နိုင်ငံ သဘောတူညီချက်ကို နိုင်ငံတော် သမ္မတ ကိုယ်တိုင် လက်မှတ် ရေးထိုးထားပြီးဖြစ်တာကြောင့် ကန့်ကွက်မှုတွေ ရှိပေမယ့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က ဒလမြို့ဒေသခံတွေနဲ့ ဒီနေ့တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။

ဒါကြောင့် လာမယ့် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ တံတားတည်ဆောက်ရေး ပန္နက်တင်အခမ်းအနားကို ကျင်းပသွားမယ်လို့လည်း ပြောပါတယ်။

ဒလမြို့နယ် ပြည်သူတွေအနေနဲ့ တံတားတည်ဆောက်ရေး မလုပ်မှာကို စိုးရိမ်နေတာတွေရှိတာကြောင့် ဆန္ဒပြတောင်ဆိုတာတွေရှိခဲ့ပြီး ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့ကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခပေးပို့တာပါ။